ဟောလိဝုဒ်မှာ လက်တလော သတင်းကြီးသွားတဲ့ ကိစ္စကတော့ ပူပြင်းခြောက်သွေ့လို့ ရာသီဥတု ဆိုးရွားနေချိန်မှာ ဟောလိဝုဒ် မင်းသမီးများရဲ့ အိမ်များက ရေကန်အသင့်၊ ကြာအသင့် ဖြစ်နေခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ အိမ်ခြံမြေကို ရေရရှိအောင် သွယ်ယူထားပြီး ပတ်ဝန်းကျင်ကို ခြောက်သွေ့စေပါတယ်။ ရေကို မရရရှိအောင် ကြံဖံယူထားပြီး ယင်းသို့ ကြိုးစားယူမှုက ပတ်ဝန်းကျင်ကို side effect ဖြစ်ကြောင်း သဘာဝ လေ့လာသူများက ဆိုပါတယ်။
Khim Kardashian တို့လို မော်ဒယ်၊ Jennifer Lopez တို့လို အဆိုတော် အပြင် များစွာသော မင်းသမီးများရဲ့ အိမ်များကို အပေါ်စီး ဓာတ်ပုံများဖြင့် ရယူပြီး အွန်လိုင်း မီဒီယာများမှာ ဖွခဲ့ခြင်း ဖြစ်ပါတယ်။ ဟောလိဝုဒ်ရဲ့ မိန်းလမ်းဘေးတွေမှာ အိမ်ခြံ ဝိုင်း အကျယ်ကြီးများဖြင့် နေထိုင်ပြီး ရေကန်၊ ပန်းခြံ အစရှိသဖြင့်တို့ စုံစုံလင်လင် ရှိပါတယ်။
ယင်းကဲ့သို့ အိမ်ကောင်းများကိုလည်း
ရန်ကုန် မှာဆိုရင် နေရာ အချို့မှာ တွေ့ရမှာပါ။ ဒါပေမယ့် ကွဲပြားတာ ကတော့ ရန်ကုန်လို မြို့မှာ ယင်းကဲ့သို့ အိမ်များ ဖြစ်ထွန်းမှုက လက်ရှိ အခြေအနေအထိကတော့ ဘေးပတ်ဝန်းကျင် ထိခိုက်မှု မရှိသေးခြင်း ဖြစ်ပါတယ်။ ၎င်းတို့ရဲက အိမ်ခြံမြေများရဲ့ ပျမ်းမျှ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၈၅ သန်း ဝန်းကျင် တန်ဖိုးရှိကြောင်း သိရ ပါတယ်။