မန်ယူက
အသစ် ခေါ်ယူလိုက်သော ဒီမာရီယာက ၎င်းအနေဖြင့် ရီးရဲလ်မှ မည်သည့်အချိန်ကမျှ
မထွက်ခွာချင်ကြောင်း ရီးရဲလ်ပရိသတ်များသို့အိတ်ဖွင့်ပေးစာ ရေးသားထားသည်။
ဒီမာရီယာသည် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၉ ဒသမ ၇ သန်းဖြင့်
မန်ယူသို့ ပြောင်းလာ ခဲ့ပြီးနောက် အသင်းဖော်သစ်များ နှင့်
လေ့ကျင့်တော့မည်ဖြစ်သည်။
မန်ယူအသင်းမှာ ၎င်းပြောင်းရွှေ့လိုခဲ့သည့် တစ်ခုတည်းသော ကလပ်ဖြစ်ခဲ့သည်ဟု
ဒီမာရီယာ က ပြောသော်လည်း ၎င်းမှာ ရီး ရဲလ်တွင် လိမ်ညာပြောဆိုခံခဲ့ရပြီး
အသင်းမှထွက်ခွာရေး ဖိအားပေး ခံစားခဲ့ရသည်ဟု ဒီမာရီယာက ပြောသည်။
၎င်းအနေဖြင့် တန်ဖိုးထား သော အရာများစွာရှိပြီး လစာနှင့်
မသက်ဆိုင်ခဲ့ကြောင်း၊ မန်ယူတွင်တန်ဖိုးထားသောအရာများ တွေ့နိုင်မည်ဟု
မျှော်လင့်ကြောင်း ဒီမာရီယာက ပြောသည်။ ထို့ပြင် မန်ယူ တွင် ဗန်ဂါးလ်နှင့်
အလုပ်တွဲလုပ် ရန် မစောင့်ဆိုင်းနိုင်တော့ကြောင်း လည်း ဒီမာရီယာကဆိုသည်။
—Ref: Skysport