Yo Yo Layy Online Media
…ကိုယ်ပူ၊လျှာဖြူ၊ အာခြောက်၊ ပါးစပ်အနာပေါက်၊
အဝလွန် ၊ အစားမမှန်၊ အူကျဝေဒနာများကို သက်သာစေသည်။
အလျဉ် ( yeast )
ဒိန်ချဉ်မျိုး ( ထန်းလျက်၊သကြားလုံးဝမပါသော ဒိန်ချဉ်အလွတ် )
နွားနို့ …၁ ပိဿာ (၃ပုံ၁ပုံ ကျန်သည်ထိကျိုထားပါ )
ဒိန်ချဉ်မျိုး …. ၅ကျပ်သားမှ ၇.၅ ကျပ်သား
ဒိန်ချဉ်မျိုးနှင့် အပူချိန်
၁။ အပူချိန် အရမ်းများလျှင် ဒိန်ချဉ်မျိုး ပျက်စီးပြီး ဒိန်ချဉ်မဖြစ်နိုင်
ဥပမာ…နွားနို့ကြိုပြီးစအချိန် ဒိန်ချဉ်မျိုးထည့်ခြင်း
ဒိန်ချဉ်ဖောက်ထားသော အိုးခွက်ကို မီးဖိုအနီးတွင်ထားခြင်း
ဒိန်ချဉ် မလိုင်လုပ်လျှင် နွားနို့ကို ၃ပုံ ၁ပုံ ကျန်သည်ထိကျိုပေးပါ။
၂။ အပူချိန် အရမ်းနည်းလျှင် ဒိန်ချဉ်ဖြစ်ရန် အချိန်ကြာသည်။
ဥပမာ…အေးသောရာသီဥတု
အအေးခန်း
ရေခဲသေတ္တာ စသည့်နေရာများတွင် ဒိန်ချဉ် ဖောက်လျှင် အချိန်ကြာသည်။
၃။ အပူချိန် ခပ်နွေးနွေး အနေအထား တွင်ဒိန်ချဉ်ဖြစ်မြန်သည်။
ပြုလုပ်ပုံ
၁။နွားနို့ကို ၃ပုံ ၂ပုံ အကျန်ရလာသည်အထိကျိုပါ။
၂။မီးအေးအေးဖြင့်ကျိုပါ။ ကျိုနေစဉ် မလိုင်မတက်စေရန်အမြဲမွှေပါ။
( မလိုင်တက်ပါက အရည်ထွက်မည်။ ဒိန်ချဉ်သားကြမ်းမည်။)
၃။ ၃ပုံ ၂ပုံ အကျန်ရလာပါက မီးဖိုမှချပါ။အအေးခံပါ။
၎။ နွားနို့ အပူချိန်ခပ်နွေးနွေးအနေအထားတွူင် ဒိန်ချဉ်မျိုးထည့်မွှေပါ။
၅။ဒိန်ချဉ် ဖောက်ထားသော အိုးခွက်ကို လုံခြုံစွာဖုံး၍ အောက်ခြေငြိမ်သောနေရာတွင်ထားပါ။
၆။ဒိန်ချဉ်ဖြစ်ရန်ကြာချိန်…၈နာရီဝန်းကျင်
ဒိန်ချဉ်ဖောက်ရာတွင်….စတီးအိုး၊ မြေအိုး၊ ပလတ်စတစ်၊ ဖိုက်ဘာအိုးခွက်တို့ကိုသာသုံးသင့်သည်။
…ဒန်အိုး၊ ကြေးအိုး၊သတ္တုအိုးခွက်တို့ကို အသုံးမပြုသင့်ပါ။
နွားနို့မရှိလျှင် နို့မှုန့် ၁၂.၅ ကျပ်သားကိုရေ ၁ပိဿာနှင့်ကျိုပါ။
ရေ ၁ဆ…နို့မှုန့် ၈ဆ အရမ်းပြစ်လျှင် ရေ ၁ဆ…နို့မှုန့် ၅ဆ
ရေ 1liter …နို့မှုန့် 1liter (ရောင်းတန်း)
credit to: သတင်းဝေဟင်