Yo Yo Layy Online Media
အဲဒီခေတ်တုန်းက ငွေက တန်ဖိုးရှိသည်။
သီးစုံရေခဲမုန့် တစ်ခွက်ပင် သိပ်ဈေးမကြီးသည့်ကာလ။
၁၀ နှစ်အရွယ် ကောင်လေးတစ်ယောက် ဟိုတယ်ကြီးတစ်ခု၏ စားသောက်ခန်းထဲ ၀င်ကာ
စားပွဲတစ်လုံးမှာထိုင်သည်။ စားပွဲထိုး အမျိုးသမီးက သူ့ရှေ့ရောက်လာကာ
ရေတစ်ခွက်ချပေးပြီး ဘာမှာမလဲ စောင့်ဆိုင်းနေသည်။
‘သီးစုံရေခဲမုန့်တစ်ခွက် ဘယ်လောက်လဲခင်ဗျ’
‘50 Cent (တစ်ဒေါ်လာရဲ့ တစ်ဝက်) ပါ’ စားပွဲထိုးက ဖြေသည်။
ကောင်လေးက သူ့အိတ်ထဲမှ အကြွေစေ့တွေ ထုတ်ကာ ရေတွက်သည်။ ပြီးတော့ ‘ရိုးရိုး ရေခဲမုန့်တစ်ခွက် ဆိုရင်ကောဗျာ’ ဟုမေးသည်။
ဧည့်သည်တွေက များနေသော စားပွဲထိုး အမျိုးသမီးက သိပ်စိတ်မရှည်ချင်။
‘၃၅ ဆင့်’ ဟု တိုတိုပြတ်ပြတ် ဖြေသည်။
ကောင်လေးက သူ့ပိုက်ဆံတွေကို ရေတွက်ပြီးနောက် ‘ရိုးရိုး Ice-Cream တစ်ခွက်ပဲ
ပေးပါ ခင်ဗျာ’ ဟုဆိုသည်။ စားပွဲထိုးလေးက Ice-Cream ယူလာပေးသည်။
ဘီလ်စာရွက်ကိုပါ စားပွဲပေါ်တင်ပေးပြီး လှည့်ထွက်သွားသည်။
ကောင်လေးက ရေခဲမုန့်ကိုစား၊ ကောင်တာမှာ ငွေရှင်းပြီးနောက် အိမ်ပြန်သွားတော့သည်။
စားပွဲထိုး အမျိုးသမီးလေးက ကောင်လေးထိုင်ခဲ့သည့် စားပွဲဆီပြန်လာပြီး
ခုံသုတ်သည့်အခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့ရင်ထဲ လှိုက်ခနဲ
ဖြစ်သွားသည်။ ကောင်လေးစားသွားသည့် Ice-Cream ခွက် ဘေးတွင် ၁၅ ဆင့်
အကြွေပိုက်ဆံကို ထားခဲ့သည်။
သူမအတွက် Tips ပေးထားခဲ့ခြင်းပင်။ အနောက်နိုင်ငံတွေမှာက စားသောက်ဆိုင်တွေထိုင်တဲ့အခါ စားပွဲထိုးတွေကို Tip Money ပေးလေ့ ရှိသည်။
(The Best of Bits & Pieces စာအုပ်မှ စာတစ်ပုဒ်အား မှီငြမ်းပါသည်။)
myanmar consumer