Yo Yo Layy Online Media
Thursday, April 10, 2014
လေ့လာမှု အသစ်တစ်ခုအရ အသက်အရွယ်ကြီးသူများတွင် ပရိုတင်း
ကြွယ်ဝသောအစားအစာများ စားသုံးခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုးများစေသည်ဟု သိရသည်။ ယင်းလေ့လာမှုအား
ဂျပန်နိုင်ငံရှိ National Institule of Health, Tohoku University နှင့်
Teikyo University တို့မှ ပူးပေါင်း၍ ပရိုတင်းစားသုံးမှုနှင့်
သက်ကြီးရွယ်အိုများ၏ တုံ့ပြန်မှုကို ပူးပေါင်းလေ့လာခဲ့ကြ ခြင်းဖြစ်သည်။
ယင်းလေ့လာမှုတွင် ပျှမ်းမျှအသက် ၆၇.၄ နှစ်ရှိသော ပါဝင်သူဦးရေ ၁၀၀၇ ဦးအား ၇
နှစ်တာကာလအတွင်း အစားအသောက် သောက်စားပုံနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ
ဆောင်ရွက်ပုံ၊အခြားသူများနှင့် ပေါင်းသင်း
ဆက်ဆံပုံများအား လေ့လာခဲ့သည်။
ရလဒ်များ အရ တိရစ္ဆာန်များမှရသော ပရိုတင်းအစားများသောအမျိုးသား
များတွင် မှတ်ဉာဏ်ယိုယွင်းချို့တဲ့လာမှု ၃၉ % ပို၍လျော့နည်းစေကြောင်း တွေ့
ရပြီး အမျိုးသမီးများတွင်မူ ဆက်စပ်မှု မရှိကြောင်း တွေ့ရသည်။
ပရိုတင်းမှာ ခန္ဓာကိုယ်အတွင်းရှိ အရေးကြီး အင်္ဂါများဖြစ်သော နှလုံး၊ အဆုတ်၊ အသည်းနှင့် အရေပြားတို့ကိုလုပ်ငန်း လုပ်ဆောင်ရန် ပျက်စီးနေ
သည့်အခါ ပြုပြင်ရန်တို့အတွက် အရေးကြီးပြီး အသက်ကြီးလာသည့်အခါ ပရိုတင်းများမှာ ခန္ဓာကိုယ်မှ စုပ်ယူမှု နည်းသွားလေသည်။
ထို့ပြင်ဦးနှောက်၏စေခိုင်းလမ်းညွှန်မှုများ လုပ်ဆောင် နိုင်သည့်နေရာ
(higher -level Functional Capacity) မှာ အသက် ကြီးလာလျှင် အခြားသူများ၏
အကူအညီမယူဘဲ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန်အတွက်
မရှိမဖြစ်လိုအပ်ပြီး ယင်းဌာနအား ပရို တင်းကြွယ်
ဝသော အစားအစာများက ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။
အ၀င်း
ref:Netdoctor.co.uk
Health Updates Journal