Yo Yo Layy Online Media
လောကမှာ မိန်းမသားတဦးရဲ့ အလှတရားကို အမျိုးသားတွေ လိုက်မမီဘူးဆိုတဲ့ စကားက အခုခေတ်ကြီး မှာ မှား သွားပြီထင်ပါတယ်။
အခုမြင်တွေ့ရမယ့် ထိုင်းနိုင်ငံက
အခု ၂၀၁၄ ခုနှစ်၊ လေဒီဘွိုင်း အလှမယ်ပြိုင်ပွဲက ပြိုင်ပွဲဝင်တွေရဲ့
ဓာတ်ပုံတွေ က အမျိုးသားတွေရဲ့ အမျိုးသမီးတွေ ရှုံးလောက်တဲ့ အလှကို
မျက်ဝါးထင်ထင်မြင်စေပါပြီ။
အမျိုးသမီးစိတ်ပေါက်နေတဲ့
အမျိုးသားတော်တော်များများဟာ ထိုင်းနိုင်ငံမှာ အထင်အရှားရှိနေပြီး သူတို့
ဟာ ထိုင်း လူ့ပတ်ဝန်းကျင်ရဲ့ ကျင်ဖယ်ခွဲခြားခြင်းတွေမရှိတဲ့အပြင်
နေရာပေးမှုတွေတောင် ရှိကြပါတယ်။ ဒါကြောင့် နိုင်ငံတကာက လေဒီဘွိုင်းတွေလည်း
ထိုင်းနိုင်ငံကို လာပြီး အလှပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်
ကြတာနေပါလိမ့်မယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက် ကပဲ
နာမည်ကြီး နိုင်ငံခြား လေယာဉ်ကုမ္ပဏီပိုင်ရှင်တဦးက ထိုင်းနိုင်ငံ က
လေဒီဘွိုင်း တဦးကို ထိုင်း ဘတ်ငွေ သန်း များစွာ တင်တောင်းပြီး
အကြီးအကျယ်မင်္ဂလာဆောင်ပွဲ
တောင် ကျင်းပခဲ့ပါသေးတယ်။
တချို့ အမျိုးသမီးစိတ်ပေါက်နေတဲ့
အမျိုးသားတော်တော်များများကလည်း ဖြတ်၊ ဖောက်၊ ချုပ် ဆိုတဲ့ အမျိုးသမီး လိင်
အင်္ဂါ ပုံစံ ခွဲစိပ်ပြောင်းလဲကြတာလည်း ခေတ်စားပါတယ်။ ဧရာဝတီ က ဖြတ်၊ ဖောက်၊
ချုပ်အကြောင်း တင်ပြခဲ့ဖူးပါတယ်။
သူတို့တွေရဲ့ အသားအရေ၊ မျက်ခုံး၊ မျက်လုံး၊ ကိုယ်လုံးကိုယ်ပေါက်တို့ရဲ့ အလှဟာ သာမန် မိန်းကလေး
တွေတောင် ငေး ကြည့်ရနိုင်တဲ့ အခြေအနေပါ။
အခုမြင်တွေ့ရတဲ့ လေဒီဘွိုင်းတွေရဲ့ ဓာတ်ပုံတွေကတော့ ပုရိသတွေအတွက် အမှတ်မှားသွားစေနိုင်ပါတယ်။
အိမ့်သံစဉ် ~