Yo Yo Layy Online Media
သိပ္ပံပညာရှင်များ က ဓာတ်ခွဲခန်း မှ ထုတ်လုပ်တဲ့ မိန်းမအင်္ဂါ ကို အမျိုးသမီးလေးယောက် မှာ ၂၀၀၅ ခုနှစ် ကနေ ၂၀၀၈ ခုနှစ် အတွင်းမှာ အောင်မြင်စွာ ထည့်သွင်းပေးနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။ ဆရာဝန်များ ရဲ့ ပြောကြားချက်အရ လူနာများဟာ ကျန်းမာနေကြပါတယ်။
ခွဲစိတ်မှု ပြုလုပ်ချိန် မှာ အမျိုးသမီးလေးယောက် ရဲ့ အသက် ဟာ ၁၃ နှစ်ကနေ ၁၈
နှစ် အတွင်းမှာ ရှိကြပါတယ်။ အမျိုးသမီးလေးယောက် ဟာ
Mayer-Rokitansky-Kuster-Hauser Syndrome (MRKH) လို့ ခေါ်တဲ့
အလွန်ရှားပါးတဲ့ မျိုးရိုးဗီဇ ဝေဒနာ ကို ခံစားခဲ့ရတာဖြစ်ပါတယ်။ အဲဒီ ဝေဒနာ
ဟာ အမျိုးသမီး ၄၅၀၀ မှာ တစ်ယောက်သာ ဖြစ်လေ့ရှိပြီး ပုံစံမမှန်တဲ့
မိန်းမအင်္ဂါ ဒါမှမဟုတ် မိန်းမအင်္ဂါ လုံးဝ မပါရှိဘဲ မွေးဖွားလာတာဖြစ်ပါတယ်။
အဆိုပါ ဝေဒနာ ကို ကုသလေ့ရှိတဲ့ နည်းလမ်း က မိန်းမအင်္ဂါ ကို ခွဲစိတ် ပြီး
ပြန်လည် ပြုပြင်ရတာဖြစ်ပါတယ်။ အဲဒီလို ခွဲစိတ် ပြုပြင် တဲ့ အခါမှာ နာကျင်မှု
ဝေဒနာ ကို ခံစားကြရပါတယ်။ နောက်ပြီး ရှုပ်ထွေးတဲ့ ခွဲစိတ်မှု ကို ခက်ခဲစွာ
ပြုလုပ်ကြရပါတယ်။ အထူးသဖြင့် ကလေးငယ်တွေကို ခွဲစိတ်ပြုပြင်ကြတဲ့အခါမှာ
ပိုမိုခက်ခဲ ရှုပ်ထွေးတယ်လို့ သိရပါတယ်။ အဲဒီအတွက် ဆရာဝန်များ က မိန်းမအင်္ဂါ
ကို တီထွင်ခဲ့ကြတာဖြစ်ပါတယ်။
မိန်းမအင်္ဂါ အစိတ်အပိုင်းတွေကို
ဝေဒနာရှင်တွေရဲ့Cell တွေကနေ ပြုလုပ်တာဖြစ်ပါတယ်။ ဝေဒနာရှင်များမှ
အလွန်သေးငယ်တဲ့ Tissue တွေကို ရယူပြီး ဓာတ်ခွဲခန်း ထဲမှာ ကြီးထွားဖွံ့ဖြိုးစေတြာ ဖစ်ပါတယ်။ ခြောက်ပတ် အကြာမှာတော့ အမျိုးသမီး မှာ
ခွဲစိတ် ထည့်သွင်းပေးတာဖြစ်ပါတယ်။ အဆိုပါ မိန်းမအင်္ဂါ ထည့်သွင်းထားတဲ့
အမျိုးသမီးများ ဟာ သာမာန် အမျိုးသမီးများ လိုပဲ လိင်စိတ်ဆန္ဒ ဖြစ်ပေါ်တာ နဲ့
စိတ်ဆန္ဒ ပြီးမြောက်တာ တွေကို ရရှိခံစားနိုင်ပါတယ်။
ref: သူရ