တောင်ကိုရီးယားသရုပ်ဆောင်များဖြစ်ကြသော
ဆိုအီဟွန်းနှင့် အင်ဂိုဂျင်တို့သည် ချစ်သူများဖြစ်နေကြသည်ဟု ၎င်းတို့၏
အေဂျင်စီ Key East က ဧပြီ ၇ ရက်တွင် အတည်ပြုလိုက်သည်။
ကေဒရာမာစတားများဖြစ်ကြသော ဆိုအီဟွန်းနှင့် အင်ဂိုဂျင်တို့သည်
အေဂျင်စီတစ်ခုတည်း အလုပ်လုပ်ကြသူများဖြစ်ပြီး ၂၀၀၇ နှင့် ၂၀၁၂
ခုနှစ်တို့တွင် SBS ဒရာမာဇာတ်လမ်းတွဲနှင့် JTBC ဒရာမာဇာတ်လမ်းတွဲတို့ ၌
ပူးတွဲသရုပ်ဆောင်ခဲ့သူများဖြစ်သည်။
‘‘လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက ဆိုအီဟွန်းနဲ့ အင်ဂိုဂျင်တို့ဟာ
အေဂျင်စီတစ်ခုတည်းမှာ အလုပ်လုပ်ခဲ့ကြတာပါ။ ၁၀ နှစ်ကျော် ကြာအောင်
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အကူအညီပေးလာတဲ့ လုပ်ဖော်ကိုင်ဖက်တွေ
ဖြစ်ပါတယ်။ သူတို့ ချစ်သူတွေဖြစ်ခါစပဲ ရှိပါသေးတယ်’’ ဟု ၎င်းတို့၏ အေဂျင်စီ
KeyEast က ပြောကြားသည်။
သရုပ်ဆောင်မင်းသား အင်ဂိုဂျင်သည် MBC ရုပ်သံလိုင်း၏ ဒရာမာဇာတ်လမ်းတွဲသစ်
A New Leaf ရိုက်ကူးရေးအတွက် ပြင်ဆင်လျက်ရှိပြီး သရုပ်ဆောင်မင်းသမီး
ဆိုအီဟွန်းသည် SBS ရုပ်သံလိုင်း၏ Three Days ဒရာမာ ဇာတ်လမ်းတွဲတွင်
ပါဝင်သရုပ်ဆောင်လျက်ရှိသည်။
၎င်းတို့နှစ်ဦး၏ ချစ်သူဘ၀သက်တမ်းမှာ တစ်လခန့်သာ ရှိသေးသည်ဟု ၀န်ခံသည်။
—Ref: ENews