Yo Yo Layy Online Media
အိမ်နီးနားချင်း အတွက် ဈေးဝယ်ပေးခြင်း
လတ်တလော လေ့လာမှု တစ်ရပ် အရ နေ့တစ်နေ့မှာ ကောင်းတဲ့ အလုပ် သုံးခု ကို
လုပ်ဆောင် တဲ့ သူတွေ ကို မေး မြန်း ကြည့်တဲ့ အခါ စိတ်ဓာတ် ကျတဲ့ လက္ခ ဏာတွေ
၉၄ ရာခိုင်နှုန်းခန့် သိသိသာ သာ လျော့ပါးမှု ရှိတာကို တွေ့ရှိ ရပါတယ်။ သူတို့
လုပ်လေ့ ရှိတဲ့ ကောင်းမွန်တဲ့ အ လုပ်တွေက အိမ်နီးနား ချင်း အတွက်
ဈေးဝယ်ပေးတာ၊ သူငယ်ချင်း အတွက် ကော် ဖီဖျော်ပေးတာ၊ ကလေးထိန်း ပေးတာ စ တဲ့
ကြင်နာတဲ့ အပြုအမူ တွေကို လုပ် ဆောင်လေ့ ရှိကြ ပါတယ်။ ဒီလို လူတွေက
အကောင်းမြင် အတွေး အခေါ်တွေ ရှိကြ ပြီး အဆိုးမြင် တဲ့ အတွေး အခေါ်တွေ ကို
တွန်းလှန် နိုင်စွမ်း ရှိတဲ့ အတွက် စိတ်ပျော် ရွှင် ကျေနပ်မှု ရှိတာ ကို
တွေ့ရ ပါတယ်။
လှုမှုရေး အလုပ် ရွေးချယ်ခြင်း
ပုံမှန်
စေတနာ့ ဝန်ထမ်း လုပ်တဲ့အ တွက် သွေးတိုး ရောဂါ ဖြစ်နိုင်ခြေကို ၄ဝ
ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ကော်နီ မဲလွန် တက္ကသိုလ် လေ့လာမှု အသစ် တစ်
ခုအရ သိရ ပါတယ်။ ဒါ့အပြင် တစ်ပတ် မှာ နှစ် နာရီကြာ စေတနာ့ ဝန်ထမ်း အလုပ်ကို
လုပ်ဆောင် တဲ့ သူတွေ အနေနဲ့ သွေးတိုး ရောဂါ ဖြစ်နိုင် ခြေ ၂၂ ရာခိုင်နှုန်း
လျော့နည်းမှု ရှိတယ် လို့ လေ့လာမှု အရ သိရပါတယ်။ လူမှုရေး အလုပ်တွေ ကို
လုပ်ဆောင် တဲ့ အတွက် စိတ်ပိုင်း နဲ့ ရုပ်ပိုင်း ဆိုင်ရာ ပျော်ရွှင်
ကြည်နူးမှု ကို ရရှိစေ တာကြောင့် ဖြစ်ပါတယ်။
သူတစ်ပါးကို နုတ်ဆက်ခြင်း
တခြား သူတွေ ( ဥပမာ သူစိမ်းတွေ ဖြစ်ရင်တောင် ) နဲ့ မျက်လုံးချင်း ဆုံကြည့်
ရမှာ ကို စိုးရွံ့ရှောင်လွှဲနေ သူတွေဟာ အထီးကျန် ဝေဒနာ နဲ့ ကိုယ့်ကိုယ်
ကိုယ် ယုံကြည်မှု လျော့နည်းမှု တို့ကို ခံစားရ တတ်တယ် လို့ ပါဒူး တက္ကသိုလ်
လေ့လာ သူတွေက ဆိုပါတယ်။ လူဆို တာ သဘာ ဝအားဖြင့် ပေါင်းသင်း ဆက်ဆံရေး သတ္တ
ဝါတွေ ဖြစ်တဲ့ အတွက် အခြေခံ ကျတဲ့ လူ သားတွေနဲ့ ထိတွေ့ ဆက်သွယ်မှု လိုအပ်
ပါတယ်။ မိတ်ဆွေ သူငယ်ချင်း တွေရဲ့ အ သိအမှတ် ပြုတာ ကို လက်ခံ ရရှိတဲ့ သူတွေ
အနေနဲ့ လူမှု ဆက်ဆံရေး ကောင်းမွန် ပြီး ကျန်းမာရေး ကောင်းမွန်မှု ရှိတာ ကို
တွေ့ ရ ပါတယ်။ ဒါကြောင့် သင့် မိတ်ဆွေ သူ ငယ်ချင်း တွေ ကို စာတို မက်ဆေ့ခ်ျ
ပို့တာ၊ မိဘ ထံ ဖုန်းခေါ် တာနဲ့ လမ်းမှာ ဆုံတဲ့သူ တွေကို ပြုံးပြ တာတို့
လုပ်ဆောင် ပါ။ သူ တို့ ဆီက တုံ့ပြန် မေတ္တာ ကို ရရှိတဲ့ အခါ သင့် အနေနဲ့
ပိုပြီး စိတ် ကျေနပ် ပျော်ရွှင် ရပါလမ့်မယ်။
ကြယ်စင်
Good Health