
Yo Yo Layy Online Media
နံနက် အိပ်ယာမှနိုးလျှင် ကျောများ တောင့်တင်းခြင်း၊ ခြေထောက်နာ ခြင်းနှင့်
အခြားသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများ နာကျင်မှုကို ဖြစ်စေပါသည်။
ယင်းတို့ကို ဖြေလျော့ပြီး ပေါ့ပါးသည့် ကိုယ်ခန္ဓာ ရရှိစေရန် အောက်ပါ လေ့ကျင့်ခန်းများကို အိပ်ယာထဲ၌ပင် ပြုလုပ်ပါ။
(၁) အိပ်ယာပေါ်တွင် ပက်လက်အနေ အထားဖြင့် ဒူးနှစ်ဖက်ကို ထောင်ပါ။
ခန္ဓာကိုယ်ကို ညာသို့စောင်းပါ။ ပြီးလျှင် ဘယ်သို့ လှိမ့်၍စောင်းပါ။
(၁၀)ကြိမ် ပြုလုပ်ပါ။
(၂) ပက်လက် အနေအထားတွင် လက်နှစ်ဖက်ကို ဘေးမှာ ခပ်လျော့လျော့ ကပ်ထားပြီး
ခြေထောက်နှစ် ဖက်ကို မျက်နှာကျက် ဆီသို့ မတင်ပါ။ (၁၀)စက္ကန့်ထားပါ။ ဤအနေအထား
အတိုင်း (၁၀)ကြိမ်ပြုလုပ်ပါ။ သတိပြု ရန်မှာ ခြေဖျားကို ဖြေလျော့ ထားပါ။
ခြေချောင်းများကို ချွန်မထားပါနှင့် ခြေသလုံး ကြွက်တတ်တက်သည်။
(၃) ပက်လက်နေ၍ ခြေတစ်ဖက်၏ ဒူးကို ရင်ညွှန့်အထိကွေးချပါ။ စက္ကန့်
(၂၀)ခန့်ထားပါ။ ဤနည်းဖြင့် ညာဒူး၊ ဘယ်ဒူး ပြောင်းပြီး တစ်ဖက်ကို
(၃)ကြိမ်ပြုလုပ်ပါ။
(၄) အိပ်ယာပေါ်တွင် ပက်လက်အနေ အထားဖြင့် ဒူးနှစ်ဖက်ကို ထောင်ပါ။
လက်နှစ်ဖက်ကို မိမိအိပ်သည့် ခေါင်းရင်းဖက် ဖြည်းဖြည်း ဆန့်ထုတ်ပါ။
(၁၀)ကြိမ်ပြုလုပ်ပါ။
(၅)ပက်လက် ဆန့်အိပ်ပြီး ညာခြေကို ဖြည်းဖြည်းချင်း ညာဘက်ကို ဆန့်ထုတ်ပါ။
ညာဘက်ပြီးလျှင် ဘယ်ဘက် ခြေထောက်ကို အလားတူပြု လုပ်ပါ။ခြေထောက်ကို
ဆန့်ထားဖို့ မမေ့ပါနှင့်။
ထုံးစံအတိုင်း တစ်ဖက်ကို (၁၀)ကြိမ်ပြုလုပ်ပါ။
Myawady News