Yo Yo Layy Online Media
မိုင် တစ်ဝက် အမြင့် (မီတာ ၁၀၀၀) မြင့်တဲ့ မိုးမျော် တာဝါ ကြီးကို ဆော်ဘွား
နိုင်ငံ တစ်ခု ဖြစ်တဲ့ အော်ဒီ အာရေဗိယျ မှာ တည်ဆောက် နေပါတယ်။ စုစုပေါင်း
၁၆၇ ထပ် မြင့်ပြီးဒ ဟိုတယ်၊ အပန်းဖြေ စရာနေရာ၊ ဇိမ်ခံ သူဌေး တိုက်ခန်းများ၊
ရုံးခန်း၊ စူပါ မားကတ်၊ အစရှိသဖြင့် အားလုံးကို တစ်နေရာထဲမှာ ထည့်သွင်း
ထားမှာ ဖြစ်ပါတယ်။
ယင်း အဆောက်အအုံကို စတင် တည်ဆောက် တုန်းက ၁၆၀၀ ကီလိုမီတာ အထိ မြင့်စေဖို့
ဖြစ် ပါတယ်။ သို့ပေမယ့် ရေမြေ အနေအထားအရ မဖြစ်နိုင်တာကြောင့် ပြန်လျော့
လိုက်တာ ဖြစ်ပါ တယ်။ ဒါတောင် မိုးပေါ်ထောင် မိုင် တစ်ဝက် မြင့်နေတဲ့
တိုက်ကို ဘယ်လို ကွန်ကရစ် လောင်း မယ် ဆိုတာ အင်ဂျင်နီယာများ ခေါင်းစား
ပါအုံးမယ်။ တည်ဆောက်ရန် စုစု ပေါင်း ကုန်ကျ စရိတ် က အမေရိကန်ဒေါ်လာ ၁.၂
ဘီလျံ ရှိပြီး ပြီးစီးမယ့် ခုနှစ် ကတော့ ၂၀၁၇ ခုနှစ် ဖြစ်ကြောင်း
www.house.com.mm မှ မာကဲတင်း မန်နေဂျာက ဖြေကြား ပေးထား ပါတယ်။
လက်ရှိမှာ စတင် တည်ဆောက် နေပါပီ။ အကယ်၍ တည်ဆောက်ပြီးရင် တစ်ကမ္ဘာ လုံးမှာ
အမြင့်ဆုံး မိုးမျော် တာဝါ ဖြစ်လာ မှာပါ။ အကြောင်း ကတော့ တရုတ်ပြည်က
ဆောက်နေတဲ့ တာင် ၈၃၀ မီတာ ကျော်ပဲ မြင့်လို့ ဖြစ်ပါတယ်။ The Kingdom Tower
လို့ ရိုက်ပြီးတော့ google မှာ သတင်း အချက်အလက် အပြည့် အစုံကို မြင်တွေ့
နိုင်မှာ ဖြစ်ပါတယ်။
အောင်ခမ်း (www.innewsmyanmar.com)