Yo Yo Layy Online Media
ပထမဦးဆုံးအကြိမ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အဖြစ်
အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို မေလတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း
ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ သတင်းရရှိသည်။
ပြည်သူလူထုအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်များကို
ပိုမိုသိရှိလာပြီး သုံးစွဲမှုနည်းလာခြင်းဖြင့် ကျန်းမာရေးဗဟုသုတများ
ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းနှင့်
ယခုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ပြည်သူများနှင့် ကလေးသူငယ်များ
ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းလာစေနိုင်သည့် အကျိုးသက်ရောက်မှုများ
ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။
မေလ ၃၁ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့၏
ဆောင်ပုဒ်ဖြစ်သည့် "RAISETAXES ON TOBACCO" ကို အခြေခံ၍ ၎င်းဆောင်ပုဒ်နှင့်ညီညွတ်သော ခေါင်းစဉ်ကို မြန်မာဘာ သာပြန်၍ ဆောင်း ပါး တစ်ပုဒ်
ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲအတွက် လျှောက်လွှာများကို ဧပြီလပထမပတ်မှစ၍
စတင်လက်ခံသွားမည်ဖြစ်ကာ မေလ ၅ ရက် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး
ပေးပို့ရမည့်လိပ်စာမှာ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၊ အမှတ်
(၅၂)၊ချင်းတွင်းလမ်း၊ ကမာရွတ်မြို့နယ်ဖြစ်သည်။ စာမူများပေးပို့ရာ၌
A-4ဆိုဒ်ဖြင့် စာမျက်နှာငါးမျက်နှာထက်မကျော်လွန်ရဘဲ ကွန်ပျူတာဖြင့်
ရိုက်ကူးထားသော စာမူတစ်စောင်နှင့်အတူ စီဒီခွေတစ်ချပ်နှင့်အတူ
ပတ်စ်ပို့ဓာတ်ပုံတစ်ပုံ၊ ကိုယ်ရေးရာဇဝင်အကျဉ်း၊ ဆက်သွယ်ရန်လိပ်စာနှင့်
ဖုန်းနံပါတ်ကို ပူးတွဲပေးပို့ရမည်ဖြစ်သည်။