Yo Yo Layy Online Media
ဘုရားရှင်လက်ထက်က ဟိမ၀န္တာတွင် ဝေဿ၀ ၀ဏ်နတ်မင်းကြီးမှာ
သမီးတော်ငါးယောက်ရှိပါတယ်။ သမီးတော်ငါးယောက်ကတော့ လတာ၊ သဇ္ဇာ၊ ပ၀ရာ၊
အစ္စိမတီနှင့် သုတာတို့ပဲ ဖြစ်ပါတယ်။ အကတော် ကြပါတယ်။ ဒါကြောင့် သိကြားမင်းက
သူတို့ညီမငါးဖော်ကိုခေါ်ပြီး သူ့ဘေးမှာ အကနဲ့ဖျော်ဖြေစေပါတယ်။ အဲထဲမှာ
လတာလေးကအလှဆုံးဖြစ်ပြီး အကမှာလည်းပိုကျွမ်းကျင်တဲ့အတွက် သူမကို အကအဖွဲ့
ခေါင်းဆောင်အဖြစ် ထားပါတယ်။ တစ်နေ့မှာတော့ ညီမငါးဖော်ဟာ အဆိုအက
ကျွမ်းကျင်မူနဲ့ပတ်သက် ပြီး သူတော်တယ်ငါတော်တယ် ငြင်းခုံကြတယ်။
ငြင်းမရတဲ့အဆုံးမှာတော့ ဖခင်နတ်မင်းကြီးထံသွားမေးပါ တယ်။
“အဖေ သမီးတို့ထဲမှာ ဘယ်သူက အကအတော်ဆုံးလဲ”
“သမီးတို့ ခုမပြောသေးဘူး။ ဘယ်သူတော်လဲဆိုတာ မနက်ဖြန် အကသဘင်မှာ ပရိသတ်က ဆုံးဖြတ်ပေး လိမ့်မယ် သမီးတို့”
နောက်နေ့အကသဘင်ရောက်တော့ ပရိသတ်များစွာနဲ့ ကပြဖျော်ဖြေတဲ့အခါ
လတာလေးကတဲ့အချိန် မှာ ပရိတ်သတ်အားလုံး အရမ်းသဘောကျပြီး အော်ကြဟစ်ကြ၊
လက်ခုပ်တီးကြနဲ့ ဟိမ၀န္တာတစ်တောလုံး ဆူညံ့နေပါတော့တယ်။
အခြားသမီးတော်တွေအလှည့်မှာတော့ ဆောင်းတွင်းမှာ ဥသြငှက်တွေ တိက်ဆိတ်နေသလိုပဲ
အားလုံးညိမ်သက်နေကြပါတယ်။ အဲဒီအခါကျမှ လတာလေးရဲ့ အကကျွမ်းကျင်မူဟာ
မှင်သက်အံသြလောက်အောင်ကို ကောင်းတယ်ဆိုတာ ပေါ်လွင်ပါတော့တယ်။
ဒါနဲ့ အကပြီးလို့ နားတဲ့အခါ အခြားညီမတွေဟာ အမတော်လတာဆီသွားပြီးမေးပါတော့တယ်။
“အစ်မတော်...၊ ခုတော့ အစ်မတော်ဟာ ညီမတို့ထက် အကရော အလှရော သာလွန်တယ်ဆိုတာ
သိပါပြီ။ အခုလိုတော်အောင် အတိက်က ဘယ်လိုကောင်းမှုများပြုခဲ့ပါသလဲ အစ်မတော်။”
“ညီမတို့ အစ်မအခုလို အကရောအလှရောသူများထက်သာတယ်ဆိုတာ
အခြားကြောင့်မဟုတ်ပါဘူး။ အစ်မ လူ့ဘ၀တုန်းကပေါ့ သာဝတ္ထိပြည်မှာ လတာဆိုတဲ့
နာမည်နဲ့ပဲ သာဝတ္ထိသူဌေးရဲ့ သမီးတစ်ယောက်ဖြစ်ခဲ့ တယ်။ ပညာရှိတယ်။
လိမ္မာရေးခြားရှိတယ်။ ထက်မြတ်စူးရှတဲ့ဥာဏ်ရှိတယ်။ အစ်မအိမ်ထောင်ကျတော့
အမျိုးသားအိမ်မှာ ၀တ်တရားကျေပွန်စွာနဲ့ ပြုစုတယ်။ ယောက္ခမတွေကိုလည်း
လေးစားတယ်။ ချစ်ခင်မြတ်နိုး တယ်။ အမျိုးသားနဲ့ ယောက္ခမတွေကို ကျော်ပြီးတော့
မလုပ်ဘူး။ ချစ်ခင်ဖွယ်စကားတွေကို ဆိုတတ်တယ်။ သူ့ဘက်ကိုယ့်ဘက် မျှတအောင်
ပေးတတ်တယ်။ အိမ်ထောင့်တာဝန်ကိုလည်း နို်င်နင်းတယ်။ အမျက် မထွက်ဘူး။
သီလလုံခြုံတယ်။ အလှူအတန်းရက်ရောတယ်။ အဲဒီလို လူဘ၀မှာ ကောင်းကောင်းနေခဲ့လို့
အခု ဝေဿဿဿ ဝေဏ်နတ်မင်းရဲ့သမီးဖြစ်ရပြီး အကရော၊ အလှရော၊ ကျော်ကြားမူရော
သူများထက် သာလွန် ရတယ်”လို့ ပြောလိုက်ပါတယ်။
ဒါကိုဆင်ခြင်ပြီး အမျိုးသမီးများ အရာရာတွင် သူများထက်တော်ချင်လျှင် လတာအမျိုးသမီးလေးလိုနေ ထိုင်ပါလို့ တိုက်တွန်းပါတယ်။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ