Yo Yo Layy Online Media
ကောင်မလေးတွေ စိတ်ကောက်တတ်ကြတယ်.. စိတ်ကောက်တတ်ကြတယ်နဲ့.. အဲဒီလို စိတ်ကောက်ရတာကို လွယ်တယ်များ မှတ်နေကြလားဟင်..
စိတ်ကောက်ဖို့ဆိုတာ နံပါတ်တစ် အကြောင်းပြချက် ရှာရတယ်..
ပြန်ချော့လောက်မယ့် အခြေအနေ ဟုတ်/ မဟုတ် အကဲခတ်ရတယ်..
နောက် စိတ်ကောက်နေကြောင်းကို သိစေချင်တဲ့သူ သိပြီး လာချော့အောင် အချက်ပြရတယ်..
ပြန်ချော့မယ့်သူရဲ့ စိတ်ရှည်တဲ့ပမာဏကိုလဲ မှန်းရသေးတယ်..
စိတ်ကောက်တာ အရှိန်လွန်မသွားဖို့ကိုလဲ ဂရုစိုက်ရသေးတယ်..
ကောက်သင့်တာထက် အရှိန်လွန်ပြီး ကောက်လိုက်မိရင် အခြေအနေက
ပြန်ချော့ရတဲ့သူနဲ့ ကောက်နေတဲ့သူ ပြောင်းပြန် ဖြစ်သွားနိုင်တာကိုလဲ
သတိထားရတယ်..
အဲဒီလို စိတ်ကောက်နေရင်းနဲ့ ဘယ်အချိန်မှာ
စိတ်ပိုကောက်ရမယ်.. စိတ်ကောက်ပြောလိုက်ရမယ်ဆိုတာကိုလဲ ကောင်မလေးတွေခမျာ
မီးစင်ကြည့်ကရသေးတယ်..
တကယ်တော့ စိတ်ကောက်တယ်ဆိုတာ ချော့ရတာထက်တောင် ခက်ပါသေးတယ်လေ..
အဲဒါကြောင့် မိန်းကလေးတွေ စိတ်ကောက်တာကို အပြစ်တင်မယ့်အစား စိတ်ကောက်တာထက်
ပိုလွယ်တဲ့ချော့ခြင်းအမှုကိုပဲ အားကြိုးမာန်တက်ဆောင်ရွက်ကြပါလို့
မှာချင်တယ်။
Credit to မယ်ပိုး