Aung Maw (YoYoLayy)
အသားစား ခြင်္သေ့ သို့သော် သနားကြင်နာတတ်သော သတ္တဝါ
တောင်အာဖရိက
နိုင်ငံ Botswana ပြည်နယ်က ဘေးမဲ့ တော တစ်ခုမှာ ဖြစ် ပါတယ်။ ခြင်္သေ့ မ
တစ်ကောင် ဟာ မျောက်မ မိခင်ကို သတ်ဖြတ် စားသုံး ခဲ့ ပေမယ့် ကျန်ရှိတဲ့
သားငယ်ကို အများထင်ထားသလို မစားသုံး၊ မသတ်ဖြတ် ပါဘူး။
ဒါ့အပြင်
ထွေးပွေ့လို့ ကလေးလို ဆော့ကစား အတူနေလိုက် ပါသေးတယ်။ အခြား ခြင်္သေ့ထီး
နှစ်ကောင် လာရောက်လို့ လုယက် စားသုံးဖို့ ကြိုးစား တာတောင် ပြန်လည်
တိုက်ခိုက် ခုခံ လိုက်ပါသေး တယ်။ ပြီးတော့ သစ်ပင်ပေါ်မှာ သားငယ် ပြန်ရဖို့
စောင့်ဆိုင်းနေသူ ထံ ရောက်အောင် ပြန် ပို့
ပေး လိုက် ပါတယ်။ သစ်ပင်ရင်းမှာ ချပေးလိုက်ပြီး မိခင် မဲ့သွားတဲ့ သားငယ်
ပေါက် လေးကို ဖခင် မျောက်က အောက်ဆင်းလို့ လာပွေ့ချီ ယူဆောင် သွားတာပါ။
ယင်း ပြုမူ လုပ်ဆောင်ချက်များကို National Geographic က ဓာတ်ပုံ ဆရာ
ဇနီးမောင်နှံ နှစ်ဦးဟာ တစ်ကွက် မကျန် ရိုက်ကူး ပြသ နိုင်ခဲ့ပြီး သဘာဝ အလှ
နဲ့ တိရစ္ဆာန် တို့ရဲ့ သနားကြင်နာ တတ်ခြင်းကို သေ ချာ ဖော်ကြူး ပြသ နိုင်ခဲ့
ပါတယ်။ ဓာတ်ပုံ အပြည့် အစုံကို Daily Mail ရဲ့
http://goo.gl/YQLvX0 ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
.