ရဝမ်ဒါနိုင်ငံတွင်
လူမျိုး တုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး နောက် နှစ်ပေါင်း ၂၀ အကြာ
အာဖရိကတိုက်၌ နောက်ထပ် လူမျိုးတုံး သတ်ဖြတ်မှုတစ်ခုကို ကာကွယ်တားဆီးကြရန်
ဗဟို အာဖရိကနိုင်ငံခေါင်းဆောင်များ အား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
ဘန်ကီမွန်းက ဧပြီ ၅ ရက်တွင် တိုက်တွန်းလိုက်သည်။
ရဝမ်ဒါနိုင်ငံတွင် ဖြစ်ပွားခဲ့ သည့် လူမျိုးတုံးသတ်ဖြတ်မှု နှစ်ပတ်လည်နေ့
အခမ်းအနားသို့ တက်ရောက်မည့် ဘန်ကီမွန်းမှာ ၎င်း၏ဘန်ဂူးမြို့ခရီးစဉ်အတွင်း
၁၉၉၄ ခုနှစ်က ဖြစ်ပွားခဲ့သော လူပေါင်းရှစ်သိန်း သေဆုံးခဲ့သည့် ရက်ရက်စက်စက်
သတ်ဖြတ်မှု များ တစ်ခါပြန်ပေါ်ပေါက်လာ ခြင်းကို တားဆီးကာကွယ်ရန် ၎င်း တို့တွင်
တာဝန်ရှိကြောင်း ဗဟို အာဖရိကနိုင်ငံ လွှတ်တော်အမတ်များအား ပြောကြားသည်။
အတိတ်က အမှားများကို ထပ်မံမကျူးလွန်ကြရန်နှင့် သင်
ခန်းစာယူစရာများစွာရှိပြီး ဗဟို အာဖရိကနိုင်ငံ၏ ကံကြမ္မာမှာ
နိုင်ငံ့ခေါင်းဆောင်များ လက်ထဲ တွင်ရှိသည်ဟု ဘန်ကီမွန်းက ပြောသည်။
လွန်ခဲ့သည့်တစ်နှစ်ခန့်က ဂိုဏ်းဂဏဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှုများ
စတင်ဖြစ်ပွားချိန် မှစ၍ လူထောင်ပေါင်းများစွာ သေဆုံးခဲ့သော ပြင်သစ်ကိုလိုနီ
ဟောင်း ဗဟိုအာဖရိကနိုင်ငံတွင် ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်း
ရေးတပ်ဖွဲ့ဝင် ၁၂,၀၀၀ ချထား ရန် ဘန်ကီမွန်းက တိုက်တွန်းထားသည်။
လုယက်သတ်ဖြတ်မှုများ၊ ခေါင်းဖြတ်ခြင်းများနှင့် လိင်ပိုင်း ဆိုင်ရာ
အကြမ်းဖက်တိုက်ခိုက်မှု များမှာ အပြစ်ပေးမခံရဘဲ ဆက် လက်ဖြစ်ပွားနေသည့်
ဗဟိုအာဖ ရိကနိုင်ငံမှာ ယခုအခါ မင်းမဲ့စ ရိုက် အခြေအနေမျိုး ဖြစ်ပေါ်နေ သည်ဟု
၎င်းကပြောသည်။
လူမျိုးနှင့် ဘာသာရေး အစ ဖျောက်သတ်ဖြတ်မှုများ အမှန် တကယ် ဖြစ်ပွားနေပြီး
ဗဟိုအာဖ ရိကနိုင်ငံမှ လူနည်းစုမွတ်စလင် များ ထွက်ပြေးသွားခဲ့ရသည်ဟု
သမ္မတကက်သရင်းဆမ်ဘာပန် ဇာနှင့် တွေ့ဆုံပြီးနောက် ဘန်ကီ မွန်းက
အသွင်ကူးပြောင်းရေး လွှတ်တော်သို့ ပြောကြားသည်။
ဗဟိုအာဖရိကနိုင်ငံရှိ ဈေး တစ်ခုတွင် ချဒ်တပ်ဖွဲ့ဝင်များ၏
တိုက်ခိုက်မှုကြောင့် လူ ၃၀ ဦး သေဆုံးပြီး များစွာဒဏ်ရာရခဲ့သည်ဟု
ကုလသမဂ္ဂ၏စွပ်စွဲချက်ကို ချဒ်နိုင်ငံက ပယ်ချလိုက်သည်။
ကြေညာချက်တစ်ခုအတွင်း ချဒ်အစိုးရက ၎င်းတို့၏ မခံမရပ် နိုင်ဖြစ်ခြင်းကို
ဖော်ပြလိုက်ပြီး ယင်းစွပ်စွဲချက်မှာ အသရေဖျက် ခြင်းဖြစ်သည်ဟု ပြောကြားသည်။
—Ref: BBC/AFP