Aung Maw (Yo Yo Layy)
တရုတ်ပြည် Hubei ပြည်နယ်က
မိသားစု တစ်ခုမှာ ဖြစ်ပါတယ်။ အသက် ၇ နှစ်ပဲ ရှိသေးတဲ့ Xiaotian လို့
အမည်ရတဲ့ ကလေးငယ်ဟာ ဦးနှောက် ကင်ဆာကြော
င့် သေဖို့ ၂ ရက် ၃ ရက်သာ လိုပါ တော့တယ်။
နောက်ထပ် ကံဆိုးတာ ကတော့ အသက် ၃၄ နှစ် အရွယ်ပဲ ရှိသေးတဲ့ အမေ ဖြစ်သူ ကလည်း
ကျောက်ကပ် ကျောက်ရောဂါ ကြောင့် ကွယ်လွန်ရတော့မယ့်သူ ဖြစ်ပါတယ်။
သားဖြစ်သူက
ကယ်လို့ မရတော့ ပေမယ့် အမေဖြစ်သူက ကျောက်ကပ် အစားထိုး နိုင်ရင်
အသက်ရှင်နိုင် ပါတယ်။ ဒါကြောင့် သား ဖြစ်သူဟာ အမေ့ကို ကယ်လိုတဲ့ စိတ်ဆန္ဒ
ရှိပြီး လှူဖို့ တောင်းဆိုးပါတယ်။ အဖွားဖြစ်သူကလည်း ခွင့်ပြုပါတယ်။
ဆရာဝန်ကော၊ အမေဖြစ်သူကော ဒီအတွက် မတောင်းဆို ပါဘူး။ ကျောက်ကပ် လှူသင့်တဲ့
အရွယ်လည်း မရောက်သေးလို့ ဖြစ်ပါတယ်။ သို့ပေမယ့် သေရဖို သေချာနေပြီးသား
ဖြစ်တဲ့ ကလေးငယ်ဆီကနေ ရရှိတဲ့ ကျောက်ကပ်နဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် လူ ၁ ယောက်၊ ၂
ယောက် အသက်ရှင်ရလဲ မနည်းဘူး ဆိုတာကို လက်ခံ လိုက်ကြ ပါတယ်။
ဒါကြောင့်မို အမေ ဖြစ်သူ ကို အပြင်၊ နောက်ထပ် လူနာ ၂ ဦးကိုပါ ကလေးငယ် ဟာ
ကျောက်ကပ် လှူဒါန်းခဲ့ပြီး လူ ၃ ဦးရဲ့ အသက်ကို ကယ်ဆယ် လိုက်နိုင် ပါတယ်။
ရင်နာနာနဲ့ အသက်ဆက်ရှင်လိုက်ရသူ ကတော့ အမေ ဖြစ်ပါတယ်။ အသက်မဲ့နေတဲ့
သားငယ်လေးရဲ့ ဘေးမှာ ငိုကြွေးရုံက လွဲလို့ သူမတတ်နိုင် ပါဘူး။
ယင်းဖြစ်ရပ်ဟာ ကမ္ဘာမှာ ကျောက်ကပ် လှူဒါန်းမှု ရှားပါးတဲ့ အခြေအနေကို
မီးမှောင်း ထိုးပြ ခဲ့ပြီး ယခု ရက်ပိုင်း လေးတင် ကျောက်ကပ် လှူဒါန်းသူ
အရေအတွက် တိုးပွား စေခဲ့ ပါတယ်။ အသက်သေဆုံးပြီး လူတစ်ယောက် အနေနဲ့ သူ့ရဲ့
ကျောက်ကပ်ကို လှူဒါန်းလို့ လူ့အသက် ကယ်နိုင်တယ် ဆိုတာကို သိသူ နည်းပါတယ်။
Xiaotain က ကလေးငယ်ဟာ ကျောက်ကပ် လှူးဒါန်းမှုဟာ မွန်မြတ်တဲ့ ကုသိုလ် တစ်ခု ဖြစ်ကြောင်း သက်သေ ပြခဲ့ ပါတယ်။
.
Ref: cctv
အောင်ခမ်း (ရိုးရာလေး)