Aung Maw (Yo Yo Layy)

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင်လေယာဉ်ကို ရှာဖွေရေးလုပ်ငန်းတွေကို
ဧပြီ ၅ ရက်နေ့မှာ အရှိန်အမြင့်ဆုံးတင်ခဲ့ကြပါတယ်။ ဧပြီ ၅ ရက်နေ့က
ရှာဖွေရေးလုပ်ငန်းတွေမှာ လေယာဉ် ၁၃ စီး၊ သင်္ဘော ၁၁ စီး ပါဝင်ခဲ့ကြပါတယ်။
သင်္ဘောတွေမှာ
လေယာဉ်ရဲ့ မှတ်တမ်းတင်စက်ကိုရှာဖွေဖို့ အဆင့်မြင့်နည်းပညာတွေကို တပ်ဆင်
ထားပြီး လေယာဉ်မှတ်တမ်းတင်စက်ထဲက ဘက်ထရီအားမကုန်ခင် ရှာဖွေရမှာလည်း
ဖြစ်ပါတယ်။
လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ ပျက်ကျခဲ့တယ်လို့ ဆိုကြပေမယ့်
ခိုင်လုံတဲ့ အထောက် အထားကတော့ မပြနိုင်သေးပါဘူး။ လေယာဉ်ဟာ
မလေးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို ပျံသန်းနေရာက ဘယ်လိုကြောင့်
လမ်းကြောင်းပြောင်းပျံသန်းခဲ့တယ်ဆိုတာလည်း အခုချိန်အထိ မဖော်ထုတ်နိုင်သေး
တာလည်းဖြစ်ပါတယ်။
နိုင်ငံစုံရှာဖွေရေးအဖွဲ့တွေဟာ သြစတြေးလျနိုင်ငံ
ပါသ့်မြို့ရဲ့အနောက်မြောက်ဖက် မိုင် ၁၀၀၀ အကွာ က ရေပြင်မှာ ရှာဖွေနေကြပြီး
အမေရိကန်ရေတပ်က ပေးပို့တဲ့ လေယာဉ်မှတ်တမ်းတင်စက် ရှာဖွေရေး
အဆင့်မြင့်ကိရိယာကို အသုံးပြုပြီး ရှာဖွေနေကြတာဖြစ်ပါတယ်။
လေယာဉ်မှတ်တမ်းတင်စက်က
လွှင့်ထုတ်နေတဲ့ အချက်အလက်တွေကို ဖမ်းယူဖို့ဖြစ်ပေမယ့် လေယာဉ်
မှတ်တမ်းတင်စက်ထဲက ဘက်ထရီမကုန်ခင် တလအတွင်းရှာဖွေရတာလည်း ဖြစ်ပါတယ်။
ပင်လယ်ထဲက အပိုင်းအစတွေကို ဆယ်ယူရရှိနေပေမယ့် လေယာဉ်နဲ့ပတ်သက်တဲ့
အပိုင်းအစတခုမှ ရှာဖွေမတွေ့သေးပါ ဘူး။
DVB News